ကိုယ်ရေးအချက်အလက် မူဝါဒ
AskOnce
AskOnce သည် ဝန်ဆောင်မှုအသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် ယုံကြည်မှုကို အလေးထားပါသည်။
ဤမူဝါဒတွင် AskOnce ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာ၌ မည်သည့်အချက်အလက်များကို စုဆောင်းပြီး အသုံးပြုသလဲ၊ မည်သို့သိမ်းဆည်းထိန်းသိမ်းထားသလဲဆိုသည်ကို ရှင်းပြထားပါသည်။

နောက်ဆုံးပြင်ဆင်ထားချိန် - ၂၀၂၆ အောက်တိုဘာ ၂၀
၁။ စုဆောင်းထားသော အချက်အလက်များ
AskOnce ဝန်ဆောင်မှုများကို ပေးအပ်ရန်နှင့် စီမံခန့်ခွဲရန် လိုအပ်သည့် အချက်အလက်များကို စုဆောင်းပြီး အသုံးပြုပါသည်။
အကောင့်အချက်အလက်များ
အကောင့်ဖွင့်ခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် အောက်ပါအချက်အလက်များ ပါဝင်နိုင်ပါသည်။
- အမည်နှင့် အီးမေးလ်လိပ်စာ
- အကောင့်ဝင်ရောက်ရန် လိုအပ်သော အချက်အလက်များ
- ကိုယ်ရေးအကျဉ်းနှင့် ဆက်သွယ်ရန် အချက်အလက်များ
- အကောင့်အတည်ပြုမှုနှင့် အကောင့်အခြေအနေဆိုင်ရာ အချက်အလက်များ
Google အကောင့်ဖြင့် ဝင်ရောက်ပါက ခွင့်ပြုထားသော Google အကောင့်အချက်အလက်များကို လက်ခံရရှိနိုင်ပါသည်။
ဆိုင်နှင့် ကုန်ပစ္စည်းအချက်အလက်များ
ဆိုင်ဖွင့်ခြင်းနှင့် ကုန်ပစ္စည်းများ စီမံခန့်ခွဲခြင်းအတွက် အောက်ပါအချက်အလက်များ ပါဝင်နိုင်ပါသည်။
- ဆိုင်အမည်နှင့် လုပ်ငန်းအချက်အလက်များ
- ကုန်ပစ္စည်းအမည်၊ ဈေးနှုန်း၊ ပုံနှင့် အသေးစိတ်အချက်အလက်များ
- ဆိုင်၏ ဆက်သွယ်ရန် အချက်အလက်များ
- ငွေပေးချေမှုနှင့် ပို့ဆောင်မှုဆိုင်ရာ အချက်အလက်များ
- ဆိုင်ရှင်က ဖြည့်သွင်းထားသော အခြားအချက်အလက်များ
AskOnce Page တွင် ဆိုင်ရှင်က ဖော်ပြထားသော အချက်အလက်များကို ဝက်ဘ်ဆိုက်လာရောက်ကြည့်ရှုသူများ မြင်တွေ့နိုင်ပါသည်။
အော်ဒါအချက်အလက်များ
ဝယ်သူတစ်ဦးက အော်ဒါတင်သည့်အခါ အောက်ပါအချက်အလက်များကို စုဆောင်းနိုင်ပါသည်။
- ဝယ်သူအမည်နှင့် ဖုန်းနံပါတ်
- ပစ္စည်းပို့ဆောင်ရန် လိပ်စာ
- ဆက်သွယ်ရန် အချက်အလက်များ
- မှာယူထားသော ကုန်ပစ္စည်း၊ အရေအတွက်နှင့် ရွေးချယ်မှုများ
- အော်ဒါမှတ်ချက်နှင့် သက်ဆိုင်ရာ အချက်အလက်များ
ဤအချက်အလက်များကို ဆိုင်ရှင်များက အော်ဒါများ လက်ခံစီမံခန့်ခွဲနိုင်ရန် အသုံးပြုပါသည်။
၂။ အချက်အလက်များကို အသုံးပြုသည့် ရည်ရွယ်ချက်
စုဆောင်းထားသော အချက်အလက်များကို အောက်ပါလုပ်ငန်းများအတွက် အသုံးပြုပါသည်။
- အသုံးပြုသူအကောင့်များ ဖန်တီးခြင်းနှင့် စီမံခန့်ခွဲခြင်း
- ဆိုင်နှင့် ကုန်ပစ္စည်းများ စီမံခန့်ခွဲခြင်း
- ဆိုင်နှင့် ကုန်ပစ္စည်းအချက်အလက်များ ပြသခြင်း
- အော်ဒါများ လက်ခံခြင်းနှင့် စီမံခန့်ခွဲခြင်း
- အကောင့်နှင့် ဝန်ဆောင်မှု လုံခြုံရေး ထိန်းသိမ်းခြင်း
- မေးမြန်းချက်နှင့် အကူအညီတောင်းခံမှုများ ဖြေကြားခြင်း
- ဝန်ဆောင်မှုဆိုင်ရာ အသိပေးချက်များ ပေးပို့ခြင်း
- ဝက်ဘ်ဆိုက်အသုံးပြုမှုကို လေ့လာပြီး ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း
၄။ Cookies နှင့် Browser Storage
AskOnce ဝက်ဘ်ဆိုက်၏ လုပ်ဆောင်ချက်များအတွက် Cookies နှင့် Browser Storage ကို အသုံးပြုပါသည်။
ဥပမာအားဖြင့်—
- အကောင့်ဝင်ထားသော အခြေအနေကို ထိန်းသိမ်းခြင်း
- ဘာသာစကားနှင့် Time Zone ရွေးချယ်မှုများကို မှတ်သားခြင်း
- Shopping Cart ထဲရှိ ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း
- Checkout အချက်အလက်နှင့် မကြာသေးမီက အော်ဒါပြေစာများကို သိမ်းဆည်းခြင်း
အချို့သော အချက်အလက်များကို Browser ထဲတွင် သိမ်းဆည်းထားခြင်းဖြင့် နောက်တစ်ကြိမ် ဝက်ဘ်ဆိုက်အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေပါသည်။
Browser Settings မှ Cookies နှင့် သိမ်းဆည်းထားသော အချက်အလက်များကို စီမံခြင်း၊ ဖျက်သိမ်းခြင်းတို့ ပြုလုပ်နိုင်ပါသည်။
သို့သော် Browser ထဲရှိ အချက်အလက်များကို ဖျက်သိမ်းခြင်းသည် AskOnce စနစ်တွင် သိမ်းဆည်းထားသော အကောင့်နှင့် အော်ဒါမှတ်တမ်းများကို အလိုအလျောက် ဖျက်သိမ်းခြင်း မဟုတ်ပါ။
၅။ ဝက်ဘ်ဆိုက်အသုံးပြုမှု တိုင်းတာလေ့လာခြင်း
AskOnce ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန် ဝက်ဘ်ဆိုက်အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို လေ့လာသုံးသပ်ပါသည်။
AskOnce အသုံးပြုမှုမှတ်တမ်းများ
အောက်ပါလုပ်ဆောင်ချက်များကို မှတ်တမ်းတင်နိုင်ပါသည်။
- ဆိုင်နှင့် ကုန်ပစ္စည်းများ ကြည့်ရှုခြင်း
- ကုန်ပစ္စည်းရှာဖွေခြင်း
- ကုန်ပစ္စည်းအမျိုးအစား ရွေးချယ်ခြင်း
- ဝက်ဘ်ဆိုက်အကြောင်းအရာများ ကြည့်ရှုခြင်း
- အချို့သော Link နှင့် Button များကို နှိပ်ခြင်း
လုပ်ဆောင်ချက်အပေါ် မူတည်ပြီး စာမျက်နှာအချက်အလက်၊ ရှာဖွေထားသော စာသား၊ အချိန်နှင့် သက်ဆိုင်ရာ နည်းပညာအချက်အလက်များ ပါဝင်နိုင်ပါသည်။
Metricool Analytics
AskOnce ဝက်ဘ်ဆိုက်သို့ လာရောက်ကြည့်ရှုမှုများကို လေ့လာရန် Metricool Analytics ကိုလည်း အသုံးပြုနိုင်ပါသည်။
ခွင့်ပြုချက်ရရှိထားသည့်အခါ Homepage၊ Blog၊ Guides၊ Help၊ Announcements နှင့် Demo Page ကဲ့သို့ အများပြည်သူကြည့်ရှုနိုင်သော စာမျက်နှာအချို့၏ ကြည့်ရှုမှုများကို တိုင်းတာပါသည်။
ထိုသို့တိုင်းတာရာတွင် အောက်ပါအချက်အလက်များကို Metricool ထံ ပေးပို့နိုင်ပါသည်။
- ကြည့်ရှုထားသော စာမျက်နှာ URL
- ခွင့်ပြုထားသော ရောက်ရှိလာရာစာမျက်နှာ အချက်အလက်
- Browser မျက်နှာပြင်အကျယ်နှင့် အမြင့်
- ဝက်ဘ်ဆိုက် Tracking အမှတ်အသား
- IP Address နှင့် Browser Request Headers အပါအဝင် ချိတ်ဆက်မှုဆိုင်ရာ နည်းပညာအချက်အလက်များ
Admin၊ Seller Dashboard၊ Checkout နှင့် အခြားသီးသန့်စာမျက်နှာများကို Metricool Tracking တွင် ဖယ်ထားပါသည်။
ကိုယ်ရေးအချက်အလက်များ ပါဝင်နိုင်သော URL နှင့် ရောက်ရှိလာရာစာမျက်နှာအချို့ကိုလည်း Tracking မပြုလုပ်ပါ။
Metricool ထံ ပေးပို့ပြီးသော အချက်အလက်များကို ၎င်းဝန်ဆောင်မှု၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ကိုင်တွယ်ပါသည်။
Analytics ခွင့်ပြုချက်
Metricool Analytics အသုံးပြုရန် ခွင့်ပြုချက်ကို အရင်တောင်းခံပါသည်။ ခွင့်မပြုလည်း AskOnce ကို ပုံမှန်အသုံးပြုနိုင်ပါသည်။
ဤစာမျက်နှာရှိ Analytics ရွေးချယ်မှု မှ ခွင့်ပြုချက်ကို အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
ခွင့်ပြုချက် ပြန်လည်ရုပ်သိမ်းပါက နောက်ထပ် Metricool Tracking ပြုလုပ်တော့မည် မဟုတ်ပါ။ သို့သော် ပေးပို့ပြီးသော အချက်အလက်များကို အလိုအလျောက် ပြန်လည်ဖျက်သိမ်းခြင်း မရှိပါ။
ရွေးချယ်မှုကို Browser တွင် တစ်နှစ်အထိ မှတ်သားထားနိုင်ပါသည်။
ဤခွင့်ပြုချက်သည် Metricool Analytics အတွက်သာဖြစ်ပြီး AskOnce ၏ အခြားအသုံးပြုမှုမှတ်တမ်းများနှင့် မသက်ဆိုင်ပါ။
Analytics ရွေးချယ်မှု
၆။ အချက်အလက်သိမ်းဆည်းမှုနှင့် လုံခြုံရေး
AskOnce တွင် လျှို့ဝှက်နံပါတ်များကို Hash ပြုလုပ်၍ သိမ်းဆည်းခြင်း၊ အကောင့်ဝင်ရောက်မှု စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာလုပ်ဆောင်ချက်များကို ခွင့်ပြုချက်ရှိသူများသာ အသုံးပြုနိုင်အောင် ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်ထားပါသည်။
အချက်အလက်များကို AskOnce စနစ်၊ Browser နှင့် သက်ဆိုင်ရာဝန်ဆောင်မှုပေးသူများ၏ စနစ်များတွင် သိမ်းဆည်းထားနိုင်ပါသည်။
မည်သည့် Online ဝန်ဆောင်မှုမဆို အချက်အလက်များ၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်ခြင်း မရှိပါ။
၇။ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ရွေးချယ်ခွင့်များ
အကောင့်နှင့် ကိုယ်ရေးအချက်အလက်များအတွက် အောက်ပါအကြောင်းအရာများကို AskOnce ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
- အကောင့်အချက်အလက်များကို သိရှိလိုခြင်း
- မှားယွင်းနေသော အချက်အလက်များကို ပြင်ဆင်လိုခြင်း
- အကောင့်နှင့် အချက်အလက်ဖျက်သိမ်းမှုအကြောင်း သိရှိလိုခြင်း
- ကိုယ်ရေးအချက်အလက် အသုံးပြုမှုနှင့်ပတ်သက်၍ မေးမြန်းလိုခြင်း
Browser တွင် သိမ်းဆည်းထားသော အချက်အလက်များနှင့် ခွင့်ပြုချက်အချို့ကို Browser Settings မှ စီမံနိုင်ပါသည်။
အော်ဒါနှင့် သက်ဆိုင်သော အချက်အလက်များအတွက် သက်ဆိုင်ရာဆိုင်ရှင်နှင့်လည်း ဆက်သွယ်ရန် လိုအပ်နိုင်ပါသည်။
၈။ ပြင်ပဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများ
AskOnce Page များတွင် Facebook၊ Messenger၊ Telegram၊ Viber နှင့် အခြားပြင်ပဝန်ဆောင်မှုများ၏ Link များ ပါဝင်နိုင်ပါသည်။
ထို Link များမှ ပြင်ပဝန်ဆောင်မှုကို အသုံးပြုသည့်အခါ သက်ဆိုင်ရာဝန်ဆောင်မှု၏ စည်းကမ်းနှင့် ကိုယ်ရေးအချက်အလက် မူဝါဒများ အကျုံးဝင်ပါသည်။
ပြင်ပဝန်ဆောင်မှုများတွင် ကိုယ်ရေးအချက်အလက်များ မျှဝေခြင်းမပြုမီ သက်ဆိုင်ရာဝန်ဆောင်မှု၏ ကိုယ်ရေးအချက်အလက် မူဝါဒကို ဖတ်ရှုလေ့လာရန် အကြံပြုပါသည်။
၉။ မူဝါဒ ပြောင်းလဲမှုများ
AskOnce ဝန်ဆောင်မှုများ သို့မဟုတ် အချက်အလက်အသုံးပြုမှုများ ပြောင်းလဲလာသည့်အခါ ဤမူဝါဒကို ပြင်ဆင်နိုင်ပါသည်။
နောက်ဆုံးပြင်ဆင်ထားသော မူဝါဒကို AskOnce ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်။
၁၀။ ဆက်သွယ်ရန်
ဤကိုယ်ရေးအချက်အလက် မူဝါဒနှင့်ပတ်သက်၍ မေးမြန်းလိုပါက AskOnce ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော တရားဝင်ဆက်သွယ်ရန်နည်းလမ်းများမှ ဆက်သွယ်နိုင်ပါသည်။
AskOnce — One Place. One Order.
စည်းကမ်းနှင့် သတ်မှတ်ချက်များကို ဖတ်ရန်